နတ်မောက် အောက်တိုဘာ ၂၆
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်အတွင်းရှိ အဘိုး/ အဘွားများအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တတိယ(၃)လပတ် လူမှုရေးပင်စင်ထောက်ပံ့ခြင်းကို ယမန်နေ့ နေ့လည် (၂)နာရီအချိန်က စျေး ရပ်ကွက် အတွင်းသို့ လိုက်လံထောက်ပံ့ပေးခဲ့သည်။
အဆိုပါလူမှုရေးပင်စင်ထောက်ပံ့ခြင်းသို့ စျေးရပ်ကွက်အတွင်းရှိ (၈၅)နှစ် နှင့် အထက် အဘိုး/ အဘွား (၂၈)ဦးအား တတိယ(၃)လပတ်ဖြစ်သည့် လူမှုရေးပင်စင်ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရေးဝန်ထမ်းများ၊ ရပ်ကွက်ရှိ ရပ်မိရပ်ဖများနှင့်အတူ အဘိုး/အဘွားများ၏ လက်ဝယ်အရောက် လိုက်လံထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
မူမူစန်း (ပြန်/ ဆက်)