ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများအား အပိုဆောင်း ကာကွယ်ဆေး(Booster)များ ထိုးနှံပေးလျက်ရှိ

ဒေးဒရဲ အောက်တိုဘာ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးနှင့် တစ်ဦးနှင့်တစ်ဦး ကူးစက်မှု လျော့နည်းစေရေး အတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး (Booster)များ အပိုဆောင်းထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းတွင် မြို့ပေါ်နှင့် ကျေးရွာအုပ်စုများရှိ ဆေးထိုးစုရပ်များတွင် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ထိုးနှံပေးလျက်ရှိသည်။

ဒေးဒရဲမြို့နယ်တွင် ကာကွယ်ဆေးထိုးနှံရန်  အကျုံးဝင်သူ (၁၉၆၉၂၀)ရှိသည့်အနက် ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပြီးစီးသူ (၁၆၈၃၉၃)ဦး၊ ပထမအကြိမ်(Booster) အပိုဆောင်းထိုးနှံပြီးစီးမှုအဖြစ် ပြည်သူ(၂၄၆၆၄)ဦးနှင့် ဒုတိယအကြိမ် (Booster) အပိုဆောင်းထိုးနှံမှုအဖြစ် (၃၀၉)ဦး ထိုးနှံပြီးစီးကြောင်း သိရပြီး အပိုထပ်ဆောင်း ကာကွယ်ဆေး(Booster) ထိုးနှံရန် ကျန်ရှိသူများကိုလည်း ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း ကျန်းမာရေးဦးစီးဌာနက သိရသည်။

အေဇာလင်း(ပြန်/ဆက်)