ဒေးဒရဲမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ဒေးဒရဲ အောက်တိုဘာ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်နှင့် မီးဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ မဖြစ်ပေါ်စေရန် ရည်ရွယ်၍ ယမန်နေ့ နံနက်(၁၁)နာရီက တော်ချိုက်ကျေးရွာရှိ အခြေခံပညာ အထက်တန်းမူလတန်းကျောင်းသို့ ကွင်းဆင်းသွားရောက် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်၊ မြို့နယ်ပညာရေးဌာနက တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးဟန်ဝင်းစိုးနှင့် ဝန်ထမ်းများက တော်ချိုက်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းသို့ ကွင်းဆင်းသွားရောက်၍  မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စီမံဆောင်ရွက်ထားရှိမှုများ၊ လျှပ်စစ်ဝါယာကြိုးများ၊ မီးခလုတ်များ သွယ်တန်းထား ခြင်းများ ကြံ့ခိုင်မှုရှိ/မရှိနှင့် မီးသတ်ဆေးဘူးများ သတ်မှတ်အရေအတွက်နှင့် အညီ ထားရှိမှု ရှိ/မရှိ ကြည့်ရှုစစ်ဆေးခဲ့ပြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး ဆောင်ရွက်ထားရှိသင့်သည်များအား အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် အဖွဲ့သည် ကျေးရွာ ပြည်သူများ နွေရာသီ​သောက်သုံးရေ ပြတ်လပ်မှုမရှိစေရေး သောက်ရေကန်များနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း များကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အေဇာလင်း