ကျောက်ကြီး အောက်တိုဘာ ၂၆
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၌ ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှဦးဆောင်ပြီး ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး တက်ရောက်အဖွင့်အမှာစကားပြောကြားပြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အတွင်းရေးမှူး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယဦးစီးမှူးက အသက်(၁၈)နှစ်အောက် ကလေးတိုင်း အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခံပိုင်ခွင့်၊ ပါဝင်ဆောင်ရွက်ခွင့်စသည့် ကလေးသူငယ်အခွင့်အရေး(၄)ရပ်အားရှင်းလင်း ပြောကြားခဲ့ကြောင်းသိရသည်။
ဆက်လက်ပြီး အခန်းအနားသို့တက်ရောက်လာသည့် မြို့မရဲစခန်းမှူးက ဆိုးသွမ်းကလေးသူငယ်များနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခြင်း၊ မြို့နယ်ဥပဒေအရာရှိက ကလေးသူငယ်များနှင့်ပတ်သက်သည့် ဥပဒေကြောင်းအရာများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးက မသန်စွမ်းကလေးသူငယ်များနှင့် ပတ်သက်ပြီးရရှိနိုင်သည့် အခွင့်အရေးများမေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်