တောင်ငူ အောက်တိုဘာ ၂၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်၍အောက်တိုဘာလ ၂၆ ရက်နေ့ နံနက်ပိုင်းက လယ်မြေကွင်းအမှတ်(၅၃၅-က) တောင်သူဦးနိုင်ဦး၏ မျိုးစေ့ထုတ်စိုက်ခင်းနှံကောက်စပါးမျိုး စိုက်ဧက ၅ ဧက၌ မိုးစပါးစံကွက်ရိတ်သိမ်းပွဲ ကျင်းပသည်။
မိုးစပါးစံကွက်ရိတ်သိမ်းပွဲသို့ တောင်ငူခရိုင်စိုက်ပျိုးရေးဦးစီးမှူး၊ ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ဦးစီးမှူး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး၊ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့နှင့် ဒေသခံတောင်သူများက စပါးရိတ်ခြွေစက်ဖြင့် မိုးစပါးစံကွက်ရိတ်သိမ်းနေမှုများနှင့် မိုးစပါးဖြစ်ထွန်းအောင်မြင်မှု အခြေအနေများကို ကြည့်ရှုသည်။
ယင်းမိုးစပါး စိုက်ဧက ၅ ဧကအနက် သုည ဒသမ ၁၀ ဧက ကို စပါးရိတ်ခြွေစက်ဖြင့် စံကွက်ရိတ်သိမ်းရာ တစ်ဧကလျှင် စပါးအစို ၁၄၀ တင်းထွက်ရှိသည်။
တောင်ငူမြို့နယ်အနေဖြင့် ယခုနှစ် မိုးစပါးကို စိုက်ဧက ၅၈၀၀၀ ကျော်ဖြင့် စိုက်ပျိုးထားရှိကာ မိုးစပါးများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း၊ တောင်သူများအတွက် စိုက်ပျိုးနည်းစနစ်များ မှန်မှန်ကန်ကန်စိုက်ပျိုးနိုင်ရေး ၊ ဓာတ်မြေသြဇာများ စနစ်တကျအသုံးပြုတတ်စေရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့်အပြင် စိုက်ကွင်းတာဝန်ခံဝန်ထမ်းများမှ သီးနှံဖြစ်ထွန်းအောင်မြင်နိုင်ရေးအတွက် ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်