ပေါက်ခေါင်း အောက်တိုဘာ၂၆
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပေါက်ခေါင်းမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကဒ်ပြားများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့မှစတင်၍ အထက(ပေါက်ခေါင်း)၌ အသက် ၁၀ နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
"လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုကိုင်ကြစို့" ဟူသောဆောင်ပုဒ်နှင့်အညီ နိုင်ငံသားတိုင်း နိုင်ငံသားစိစစ်ရေးကဒ်များ ကိုင်ဆောင်ရရှိရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပေါက်ခေါင်းမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးမြင့်စိုး ဦးဆောင်သော ဝန်ထမ်းများက အထက(ပေါက်ခေါင်း)မှ အသက် ၁၀ နှစ်အထက် ကျောင်းသား၊ ကျောင်းသူများကို နိုင်ငံသားစိစစ်ရေးကဒ်ပြားများကို ကွင်းဆင်းပြုလုပ်ပေးလျက်ရှိရာ ယနေ့အထိ ကျောင်းသား ၂၀၂-ဦး၊ ကျောင်းသူ ၂၉၃-ဦး ကတ်ပြားများ ပြုလုပ်ပေးခဲ့ပြီး၊ ကျန်ရှိနေသေးသော အသက် ၁၀ နှစ်အထက် ကျောင်းသား၊ ကျောင်းသူများကို နောက်ရက်တွင် ဆက်လက်ပြုလုပ်ပေးမည်ဖြစ်ပြီး၊ အထက(ပေါက်ခေါင်း)၌ အသက် ၁၀ နှစ်အထက် ကျောင်းသား၊ ကျောင်းသူ ၅၇၈ ဦးရှိကြောင်း ကျောင်းအုပ်ဆရာကြီးထံမှသိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)