တောင်ငူ၌ ခရိုင်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

တောင်ငူ အောက်တိုဘာ ၂၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဘုရင့်နောင်ခန်းမ၌ ယမန်နေ့မွန်းလွဲ ၃ နာရီခွဲအချိန်က ခရိုင်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပသည်။

အစည်းအဝေး၌ ခရိုင်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးစန်းလှိုင်က ကလေးသူငယ်များအား အခွင့်အရေးများ အပြည့်အဝရရှိရေးနှင့် ကလေးသူငယ်များအား အကြမ်းဖက်ခြင်း၊ လစ်လျူရှုခြင်း၊ အလွဲသုံးခြင်း၊ ခေါင်းပုံဖြတ်ခြင်း၊ လူကုန်ကူးခံရခြင်းမှ ကာကွယ်ပေးနိုင်ရေးနှင့် အလုပ်လုပ်သောကလေးငယ်များအား ကလေးအလုပ်သမားများနှင့်သက်ဆိုင်သည့် ဥပဒေများနှင့်အညီ ကာကွယ်ပေးနိုင်ရေး၊ ကလေးသူငယ်များရဲ့အကောင်းဆုံးအကျိုးစီးပွားကို ပိုမိုဖော်ဆောင်ပေးနိုင်ရေးအတွက်ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ အားလုံးပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။

ယင်းနောက် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်ဦးစီးမှူးဒေါ်နီနီရွှေက ကလေးသူငယ်များကာကွယ်‌စောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ တက်ရောက်ကြသည့် ကော်မတီဝင်များက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ခရိုင် ပြန်/ဆက်