ကြံခင်းမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်

ကြံခင်း အောက်တိုဘာ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာ အေးချမ်းသာယာရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းကို  အဖွဲ့နှစ်ဖွဲ့ခွဲ၍ ယမန်နေ့ နံနက်ပိုင်းက ထန်းတပင်အုပ်စု နံဂါတ်ကျေးရွာနှင့် သောကြာဒူကျေးရွာအုပ်စု ကရင်စု ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတို့တွင် ဒေသခံပြည်သူများဖြင့် တွေ့ဆုံ၍ ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်း များ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံရာတွင်  အဖွဲ့(၁)တွင် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးသန်းထွဋ်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာမှ တာဝန်ရှိသူများက နံဂါတ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင်လည်းကောင်း၊ အဖွဲ့(၂)တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြည်စိုး ဦးဆောင်သော မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ကရင်စုကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် လည်းကောင်း ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ လမ်းတံတားနှင့် ပတ်သက်ပြီး ဒေသနေပြည်သူများ၏ လူမှုစီးပွားဖွံဖြိုးရေးလုပ်ငန်းများအတွက် တင်ပြချက်၊  လိုအပ်ချက်များကို သက်ဆိုင်ရာဌာနများက  ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ကျေးလက်နေပြည်သူများအား မြို့နယ်ကျန်းမာရေးဦးစီးမှ တာဝန်ရှိသူများက ဆေးကုသ ပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Booster Dose)ထိုးနှံရန် ကျန်ရှိနေသော ကျေးရွာနေပြည်သူ များအား ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ တိုက်ဆိုင်စစ်ဆေးခြင်း၊ လျှပ်စစ်မီး ရရှိရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စစ်ဆေးခြင်း၊ နံဂါတ်ကျေးရွာ၊ ကရင်စုကျေးရွာများရှိ အခြေခံပညာမူလတန်းကျောင်းများတွင် စာသင်ကြားနေမှု အား ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးအပ်ခဲ့သည်။

ကြံခင်းမြို့နယ်အတွင်း ဒေသဖွံဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မှုကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ဦးဆောင်ပြီး မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ နယ်မြေခံ တပ်မတော်သားများနှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များက ဒေသအတွင်း လုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး ကျေးရွာနေပြည်သူများ၏ လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ ကြောင်းနှင့် ကြံခင်းမြို့နယ် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကို နေ့လည်ပိုင်းတွင် ကြပ်ကလေးအုပ်စုနှင့် ရေနံတောင်အုပ်စု များသို့ ကွင်းဆင်းဆောင်ရွက်ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)