သဲကုန်း အောက်တိုဘာ ၂၆
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ကျန်းမာရေးဌာနနှင့်ဌာနခွဲများ၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနတို့တွင် ကျန်းမာရေးဝန်ထမ်းများမှ မကူးစက်တတ်သောရောဂါများအား အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း အခမဲ့စစ်ဆေးကုသပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြို့နယ်မိခင်နှင့်ကျန်းမာရေးဌာနတွင် လူနာ(၃၀)ဦးအား ကုသပေးခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌဒေါ်လှလှရွှေက မကူးစက်တတ်သော ရောဂါအမျိုးအစားများဖြစ်သည့် သွေးတိုး၊ ဆီးချိုစသည့်ရောဂါများနှင့်ပတ်သတ်သည့် ဆောင်ရန်ရှောင်ရန် အချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ကျန်းမာရေး၀န်ထမ်းများက မကူးစက်တတ်သော ရောဂါများအား စစ်ဆေး၍ ပဏာမကျန်းမာရေးစောင့်ရှောက်မှုများအား အခမဲ့ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်၊ပြန်/ဆက်