လိပ်သို အောက်တိုဘာ ၂၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက မာဒေးကျေးရွာ၌ အသိပေး နှိုးဆော်ခဲ့ကြသည်။
ထိုသို့ အသိပညာပေးနှိုးဆော်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် လိုက်နာရမည့်စည်းကမ်းများ၊ပါးစပ်နှင့် နှာခေါင်းစည်း (Mask) ကို အသုံးပြုရာတွင် လိုက်နာရမည့်အချက်များ၊ ပါးစပ်နှင့် နှာခေါင်းနှစ်ခုစလုံးကို လုံခြုံအောင် ဖုံးအုပ်ကြရန်၊ နှာချေ ချောင်းဆိုးသည့် အခါတိုင်း လိုက်နာရမည့်အချက်များ၊ မြို့အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ ပေးနေသည့်အခြေအနေများ၊ မိဘပြည်သူများ အနေဖြင့်ကာကွယ်ဆေးကို အကြိမ်ပြည့် ထိုးနှံခြင်းဖြင့် ရောဂါကူးစက်မှုကို ကြိုတင်ကာကွယ်ရေးစသည့်အချက်များကို ကရင်/မြန်မာနှစ်ဘာသာဖြင့် မာဒေးကျေးရွာသို့ Hand Speaker ဖြင့် လှည့်လည် အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)