ရေကြည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ရေကြည် အောက်တိုဘာ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ကုသရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ကာကွယ်ဆေး ထိုးနှံခြင်းသည်  အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ်ဖြစ်သောကြောင့် ရေကြည်မြို့နယ်၌ ကာကွယ်ဆေးထိုးနှံခြင်းကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် (၈)နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံတွင် ဒေသခံပြည်သူများအား ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

 အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် ကျန်းမာရေးဝန်ထမ်းများက  ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် အထောက်အကူဖြစ်စေရန် နှာခေါင်းစည်း Mask ကို စနစ်တကျ တပ်ဆင်သွား လာရေး အသိပညာပေးခြင်း၊ ကျန်းမာရေးဝန်ကြီးဌာနက ချမှတ်ထားသော စည်းကမ်းချက်များအတိုင်း လိုက်နာ ကြရန် အသိပညာပေးခြင်းများကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း၊ အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ထိုးနှံပေးလျက်ရှိကြောင်းနှင့် အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများ လာရောက်ထိုးနိုင်ကြောင်း မြို့နယ်ကျန်းမာရေးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)