ကျောင်းကုန်း အောက်တိုဘာ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းအုပ်ကြီးများ ပညာရေးစီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို မြို့နယ်ပညာရေးမှူးရုံးရှိ မြတ်ပညာ ခန်းမ၌ ယနေ့ နံနက် ၉ နာရီ အချိန်ခန့်က ကျင်းပ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကျုံပျော်ခရိုင်ပညာရေးမှူး ဦးကျော်ဇင်သန်းက မိမိတို့အနေဖြင့် အခြေခံပညာဦးစီးဌာန (ရုံးချုပ်)မှ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲမှ ပညာရပ်များကို ပြန်လည်ပို့ချဆွေးနွေး သွားမည်ဖြစ်ပြီး ရပ်ကွက်/ကျေးရွာများရှိ စာသင်ကျောင်းများ ဖွံ့ဖြိုးတိုးတက်မှုသည် ကျောင်းအုပ်ကြီးများ၏ စီမံခန့်ခွဲမှုများက အဓိကကျသည့်အတွက် အလုပ်တာဝန်ဝတ္တရားများနှင့် စည်ကမ်းများကို တန်ဖိုးထားလိုက်နာ ကာ ဆရာ့ကျင့်ဝတ်များနှင့် အညီ အနာဂတ်လမ်းပြသူများဖြစ်အောင် ကြိုးစားကြရန် ဆွေးနွေးဟောပြောခဲ့ သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်ပညာရေးကော်မတီဥက္ကဋ္ဌ ဦးစိုးဝင်းက စာသင်ကျောင်း များ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စီစဉ်ဆောင်ရွက်ထားရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အားလုံးထိုးနှံနိုင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ကွက်ကြရန်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပြင်ပဖြေများအား အ.ထ.က(၁)၊ ဒေါင့်ကြီး အ.ထ.က၊ အစုကြီး အ.ထ.က ကျောင်းများတွင် ကျောင်းပိတ်ရက်ဖြစ်သည့် စနေ၊ တနင်္ဂနွေရက်များ၌ သင်ကြားပေးရန် မှာကြားခဲ့သည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ကျောင်းကုန်းမြို့နယ်အတွင်းရှိ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်း များမှ ကျောင်းအုပ်ကြီး(၁၉၁)ဦး တက်ရောက်ခဲ့ကြပြီး ဆွေးနွေးပွဲ ကာလ အောက်တိုဘာလ ၂၆ ရက်နေ့မှ ၂၇ ရက်နေ့အထိ (၂)ရက်ကြာ ဆွေးနွေးပို့ချမည်ဖြစ်ပြီး ကျုံပျော်ခရိုင် ပညာရေးမှူး ဦးကျော်ဇင်သန်းမှ ဘဏ္ဏာ၊ ရေကြည်မြို့နယ် ပညာရေးမှူး ဦးသန်းမော်မှ စီမံ၊ ကျောင်းကုန်းမြို့နယ် ပညာရေးမှူး ဦးအောင်ကျော်မြင့်မှ ပညာဘာသာရပ်များ ဆွေးနွေးပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)