ရေကြည် အောက်တိုဘာ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ရောင်းချလျက် ရှိသော မုန့်ဆိုင်များတွင် စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့် အညီ ရောင်းချ မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို ယမန်နေ့ နေ့လယ် (၁၂)နာရီအချိန်က မြို့နယ်စာသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ချယ်ရီမြင့်နှင့် ဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးပြီး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
ထို့သို့ ဆောင်ရွက်ရာတွင် ကျောင်းမုန့်ဈေးတန်းများတွင် ရောင်းချနေသူများအား ကျောင်းသား၊ ကျောင်းသူများ ကို ရောင်းချသည့်မုန့်များတွင် ဘေးအန္တရာယ် ကင်းရှင်းစေရန်၊ မုန့်များတွင် မြန်မာလိုဖော်ပြထားခြင်းမရှိသော မုန့်များတွင် ကုန်အညွှန်းစာသားမပါသော မုန့်နှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားခြင်းမရှိ သော မုန့်များအား ရောင်းချခြင်း မရှိစေရေးနှင့် စာသုံးသူရေးရာကာကွယ်ရေးဆိုင်ရာ ဥပဒေအကြောင်းအရာပါ အသိပညာပေး လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)