လှိုင်းဘွဲမြို့နယ်တွင် ပင်စင်စားအငြိမ်းဝန်ထမ်းများအား ပင်စင်လစာများ ဆက်လက်ထုတ်ပေးလျက်ရှိ

လှိုင်းဘွဲ အောက်တိုဘာ ၂၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စားအငြိမ်းစားဝန်ထမ်းများအား ပင်စင်လစားများကို လစဉ်(၂၁)ရက်နေ့နောက်ပိုင်းတွင် ထုတ်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ပင်စင်လစာများကို ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါပင်စင်လစာများ ထုတ်ယူပေးရာတွင် လှိုင်းဘွဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ် ဝန်ထမ်းများက ပင်စင်စားအငြိမ်းစား ဝန်ထမ်းများအနေဖြင့် ပင်စင်လစားများကိုထုတ်ယူရာတွင် အခက်အခဲမရှိစေရန်အတွက် လစဉ်(၂၁)ရက်နေ့နောက်ပိုင်း ရုံးဖွင့်သည့်ရက်များတွင် ထုတ်ပေးသွား မည်ဖြစ်ကြောင်း၊ အငြိမ်းစားဝန်ထမ်းအနေဖြင့် ပင်စင်လစာများ လာရောက်ထုတ်ယူရာတွင် လူစုလူဝေးမဖြစ်ပေါ်စေခြင်း၊ နှာခေါင်းစည်းများ တပ်ဆင်ခြင်းစသည့် ကိုဗစ်-၁၉ရောဂါကာကွယ်ရေး လမ်းညွန်ချက်နှင့်အညီရှိစေရေးအတွက် မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်းများကကြီးကြပ်၍ စနစ်တကျ စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

စောဒိ(ပြန်/ဆက်)