ပလောက် အောက်တိုဘာ ၂၆
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် စာဖတ်ပရိသတ်ထံ လက်ဝယ်အရောက် စာအုပ်၊ စာစောင်များ လှည့်လည်ငှားရမ်းပေးခြင်းကို နှစ်ပတ်လျှင်တစ်ကြိမ် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၃)ရပ်ကွက်(ဖိုးပြန်ကုန်း)သို့ လှည့်လည်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့ စာအုပ်၊ စာစောင်များငှားရမ်းပေးရာတွင် လူငယ်၊ လူရွယ်များ၊ စာပေဝါသနာရှင်များ အားလပ်ချိန်များကို အကျိုးရှိစွာအသုံးချ တတ်နိုင်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဗဟုသုတရရှိစေနိုင်မည့် စာအုပ်များကို သယ်ဆောင်၍ အမှတ်(၃)ရပ်ကွက်(ဖိုးပြန်ကုန်း)ရှိ စာဖတ်ပရိသတ်များထံမှ ယခင်ငှားရမ်းထားသော စာအုပ်၊ စာစောင်များအပ်နှံမှုကိုလက်ခံပြီး စာအုပ်၊ စာစောင်အသစ်များ ထပ်မံငှားရမ်းပေးခြင်းနှင့် စာကြည့်တိုက်အသင်းမဝင်ရသေးသည့်သူများအား အသင်းဝင်အဖြစ် လက်ခံစာရင်း သွင်းခြင်းတို့ကို အခမဲ့ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)