ရေကြည်မြို့နယ်၌ စျေးနှုန်းသက်သာစွာဖြင့် အခြေခံစားသောက်ကုန်များ ရောင်းချပေး

ရေကြည်  အောက်တိုဘာ ၂၆

 ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်တွင် ပြည်သူများ စားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရန်အတွက် ဆန်နှင့် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးရောင်းချ ပေးခြင်းကို ယ‌နေ့ နံနက် (၈) နာရီအချိန်က ဗထူးရပ်ကွက်နှင့် ကျားချောင်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အခြေခံစားသောက်ကုန်များ ရောင်းချခြင်းကို ရေကြည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ဆောင်ရွက် မှုဖြင့် အခြေခံစားသောက်ကုန်များအား သက်သာသောစျေးနှုန်းဖြင့် ဆန်တစ်ပြည်လျှင် (၁၂၀၀)ကျပ်နှုန်းဖြင့်၊ ဆန်(၁၀)အိတ်ကို လည်းကောင်း၊ ကြက်ဥတစ်လုံးလျှင် (၁၂၅)ကျပ်နှုန်းဖြင့် ကြက်ဥ (၁၂၀)လုံးကိုလည်းကောင်း၊ ဟင်းသီး၊ ဟင်းရွက်များ မျိုးစုံတို့ကို သက်သာသော စျေးနှုန်းဖြင့်အိမ်ထောင်စုပေါင်း (၂၀၀)အား ဖြန့်ဖြူး ရောင်းချပေးရောင်းချပေးခဲ့ ကြောင်း သိရသည်။

ထိုသို့အခြေခံစားသောက်ကုန်များ ရောင်းချရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းချစ်အေးနှင့် အဖွဲ့ဝင် များ၊ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများက ဈေးရောင်း/ဝယ်နေမှုများအား သွားရောက်ကြည့်ရှု အားပေးကူညီ ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)