သရက်ချောင်းမြို့နယ်တွင် ဝက်မွေးမြူရာမှမိသားစုအပိုဝင်ငွေရရှိ

သရက်ချောင်း အောက်တိုဘာ ၂၆

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များရှိ ဒေသခံပြည်သူများက တစ်ပိုင်တစ်နိုင် ဝက်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်ရာမှ မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။

သရက်ချောင်းမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်နေ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ တောင်သူတစ်ဦးက ဝက်မွေးမြူရာတွင် ဝက်သားဖွားပေါက်မှစ၍ ဝယ်ယူမွေးမြူရကြောင်း၊ ဝက်များကိုလည်း စနစ်တကျကျွေးမွေးပြုစုမွေးမြူရကြောင်း၊ ပိုးမွှားအန္တရယ်မကျရောက်စေရန် ဂရုစိုက်မွေးမြူ ရကြောင်း စသည်ဖြင့်ပြောကြားခဲ့ပြီး ဝက်တစ်ပိဿာလျှင် ၂၀၀၀၀ ကျပ်မှ ၂၅၀၀၀ ကျပ်အထိ ရရှိပြီး ဝက်ကောင်ငယ်တစ်ကောင်လျှင် ၂၀၀၀၀၀ မှ ၃၀၀၀၀၀ အထိရရှိပြီး ဝက်ကောင်ကြီး တစ်ကောင်လျှင် ၅၀၀၀၀၀ မှ ၆၀၀၀၀၀ အထိရရှိကြောင်း ပန်းတောရပ်ကွက်နေ မွေးမြူရေးလုပ်ကိုင်သူ ဦးထွန်းဝင်းထံမှ သိရသည်။

သားကြီး(သရက်ချောင်း)