သရက်ချောင်းမြို့လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် အိုမီခရွန် ဗီဇပြောင်းကိုဗစ်-၉ရောဂါ ကာကွယ်ရေးနည်းလမ်းများ အသိပေးဆွေးနွေးပွဲဆောင်ရွက်

သရက်ချောင်း   အောက်တိုဘာ   ၂၆

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်အိုမီခရွန် ဗီဇပြောင်းကိုဗစ်-၁၉ရောဂါကာကွယ်ရေးနည်းလမ်းများအသိပေးဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းကအဆိုပါခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်နန်းခလိုက်ရှုကကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်းအိုမီ ခရွန်မျိုးစိတ်သစ် BA.4 နှင့် BA.5 ရောဂါကြိုတင်ကာကွယ်ရေးနည်းလမ်းများကိုကျောင်းသူ၊ ကျောင်းသားများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာ ဆောင်ရွက်နိုင်စေရန်အတွက်ရည်ရွယ်၍ ကိုဗစ်-၁၉ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန်မျိုးစိတ်သစ်  BA.4 နှင့် BA.5  ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် မျိုးကွဲသစ်အိုမီခရွန်မျိုး စိတ်သစ်သည် ကိုဗစ်-၁၉ရောဂါကူးစက်ခံရဖူးသူများလည်းပြန်လည်ကူးစက်နိုင်ခြင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံခြင်းဖြင့် ရောဂါကူးစက်မှု၊ ရောဂါပြင်းထန်မှုများကို ထိရောက်စွာ လျော့ချနိုင်ခြင်းတို့ကြောင့် ကိုဗစ် ကာကွယ်ဆေးများကို ကြိမ်နှုန်းပြည့် ထိုးနှံကြရန်နှင့် ကလေး များနှင့် အသက် ၃၀ နှစ်အောက်လူငယ်များ၌ပိုမိုကူးစက်နိုင်ခြင်းတို့ကြောင့် ပြည်သူများအနေဖြင့် မိမိနေအိမ်များတွင်သာ နေထိုင်ကြရန်၊ ပြင်ပသို့ ထွက်ခွာပါကပါးစပ် နှာခေါင်းစည်းကိုစနစ် တကျ တပ်ဆင်သွားလာကြရန်၊ မိဘပြည်သူများ အနေနှင့် လူစုလူဝေးရှောင်ခြင်း၊ လက်ကိုစနစ်တကျ မကြာခဏဆေးကြောခြင်း၊ ပြင်ပမှလာသည့် ဧည့်သည်များအား လက်မခံကြရန်နှင့်  မိမိတို့၌ ရောဂါပိုး  ကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် ဆေးကုသမှုခံယူရန်စသည့် ဆောင်ရန်ရှောင်ရန်နည်းလမ်းများကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

နန်းခလိုက်(သရက်ချောင်း)