ဒိုက်ဦး အောက်တိုဘာ ၂၆
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ကမာဖရုံကျေးရွာတွင် တစ်နိုင်တစ်ပိုင်ဝါးခမောက်များယက်လုပ်ခြင်းဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
အဆိုပါဝါးခမောက်လုပ်ငန်းနှင့်ပတ်သက်၍ လုပ်ငန်းလုပ်ကိုင်သူ ဒေါ်ကေသွယ်က တင်းဝါးကိုနှီးဖျာပြီးနောက် ဗွေရိုက်၊ ဗွေရှပ်၊ လုံးရပါတယ် ပြီးနောက်ပြန့်ခြင်း လက်မတင်ပြီး ထီးရွက်မှရရှိသောအစအားထည့်ကာ မို ၂ ခု ထပ်ပြီးကွပ်၊ ဖွတ်မြီးလိုက်၊ မေးသိုင်းကွင်းတပ်ကာ အချောသတ်ပြီးနောက်ဝါးခမောက်တစ်လုံးအဖြစ်ရရှိကြောင်း သိရသည်။
ထုတ်လုပ်မှုအနေနဲ့ကတော့ တစ်လုံး ၈၀၀၀/- ကျပ်ကုန်ကျပြီးရောင်းဈေး ၁၁၀၀၀/-ကျပ်၊ ၁၅၀၀၀/-ကျပ်ရရှိသဖြင့် တစ်လုံး ၃၀၀၀/- ကျပ်မှ ၇၀၀၀/- ကျပ်ထိ အမြတ်ငွေရရှိပါပြီး လုပ်သားတစ်ယောက် ဝါးခမောက်၂ လုံးထိပြီးသဖြင့် တစ်လုံးလုပ်အားခ ၅၀၀၀ ကျပ်ရရှိသောကြောင့် ၁၀၀၀၀/- ကျပ်ရရှိကြောင်း၊ တစ်ရွာလုံးရှိလုပ်သား ၅၀ နီးပါးခန့်ခမောက်ယက်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းနေကြောင်း၊ ထွက်ရှိသောဝါးခမောက်များကို ညောင်လေးပင်၊ ရွှေကျင်၊ ဒိုက်ဦး၊ ဝေါနှင့်ဘုရားကြီးမြို့နယ်တို့မှ တိုက်ရိုက်ဆင်းဝယ်ယူကြသဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)