ဆိပ်ဖြူ အောက်တိုဘာ ၂၆
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် တရားမဝင် ကန့်သတ် ကုန်ပစ္စည်းများကို သယ်ယူ၍ ရောင်းချ ဖြန့်ဖြူးခြင်း မရှိစေရန် မြို့နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအဖွဲ့က အောက်တိုဘာလ ၂၅ ရက်နေ့ မွန်းလွဲပိုင်းက ဆိပ်ဖြူမြို့ အနော်ရထာ တံတားထိပ်၌ စစ်ဆေး ဆောင်ရွက်သည်။
အဆိုပါ လုပ်ငန်းကို မြို့နယ်တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစည်သူနေမျိုး၊ ဒုတိယဥက္ကဋ္ဌ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးမျိုးဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ် ရဲတပ်ဖွဲမှူးနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ တရားမဝင် ကန့်သတ်ကုန်ပစ္စည်းများကို သယ်ယူ၍ ရောင်းချ ဖြန့်ဖြူးခြင်း မရှိစေရန်အတွက် ကုန်သွယ်မှု လုပ်ငန်းများတွင် ပို့ကုန်/ သွင်းကုန်လုပ်ငန်းများ သတ်မှတ်ပြဋ္ဌာန်း ဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့် ညီညွတ်စွာ ဆောင်ရွက်ခြင်းမရှိဘဲ ပြည်သူတို့၏ အကျိုးစီးပွားကို ထိခိုက်နစ်နာ လာနိုင်သည့် စားသောက်ကုန်၊ သုံးကုန်ပစ္စည်းများ တရားမဝင် ကန့်သတ်ပစ္စည်းများကို ကာကွယ်တားဆီး ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍စစ်ဆေး ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။
ကိုဇွဲ(အညာမြေ)