လိပ်သို အောက်တိုဘာ ၂၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့၌ ကလေးငယ်များ ပြင်းထန်ဝမ်းပျက် ဝမ်းလျောရောဂါကာကွယ်ရေး ရိုတာဗိုင်းရပ်(စ်) ကာကွယ် ဆေးတိုက်ကျွေးခြင်းကို ယမန်နေ့နံနက် (၉) နာရီ အချိန်မှစ၍ လိပ်သိုတိုက်နယ်ကျန်းမာရေးဌာနတွင် တိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။
ရိုတာဗိုင်းရပ်(စ်) ဝမ်းပျက်ဝမ်းလျောရောဂါကို ကလေးတိုင်းလိုလိုပင် အသက် (၅) နှစ်အတွင်း အနည်းဆုံးတစ်ကြိမ်ခန့် ဖြစ်ဖူးခြင်း၊ အသက် (၅) နှစ်အောက် ကလေးငယ်များတွင် ရောဂါ လွယ် ကူကူးစက်ခြင်းတို့ကြောင့် အဆိုပါ ရိုတာဗိုင်းရပ်(စ်) ကာကွယ်ဆေးကို အသက် (၂) လမှ အသက် (၂)နှစ်အောက် ကလေးငယ်များအထိ တိုက်ကျွေးပေးသွားမည်ဖြစ်ကြောင်းနှင့် လိပ်သိုမြို့ပေါ် (၆)ရပ်ကွက်နှင့် သံမိုးတောင်ကျေ းရွာ၊ ဇလဲ၊ အလယ်ချောင်း၊ မိုင်းလွန်၊ မစကျေးရွာများရှိ ကလေးငယ်များအား ရိုတာဗိုင်းရပ်(စ်) ကာကွယ်ဆေး တိုက်ကျွေးပေးသွားမည်ဖြစ်ကြောင်း လိပ်သိုတိုက်နယ်ကျန်းမာရေးဌာန ဆရာမတစ်ဦးထံမှ သိရသည်။
ခင်လေးနွယ်(လိပ်သို)