(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ကာယ၊ ဉာဏ ပြိုင်ပွဲများကျင်းပ

ဘုတ်ပြင်း အောက်တိုဘာ ၂၆

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပညာရေးဌာနတို့ပူးပေါင်း၍ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ကျရောက်မည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲအထိမ်းအမှတ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမျိုးသားအောင်ပွဲနေ့အကြောင်း အသိပညာပေးဟောပြောခြင်းနှင့် ကာယ၊ ဉာဏ ပြိုင်ပွဲကို ယမန်နေ့က အုန်းတောကမ်းကျေးရွာ မူလတန်းလွန်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် မူလတန်းလွန်ကျောင်း ကျောင်းအုပ်ဆရာကြီး ဦးမျိုးမြင့်လှိုင်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘုတ်ပြင်းမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်ဖြူဖြူသိန်းတို့က ၂၀၂၂ ခုနှစ် ၊ နိုဝင်ဘာ ၁၇ ရက်နေ့တွင် ကျရောက်မည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲအထိမ်းအမှတ်နေ့ ဖြစ်ပေါ်လာပုံများအား ကျောင်းသား/သူများ သိရှိနိုင်ရေးအတွက် အကျယ်တဝင့်ပြောကြားခြင်း၊ ကိုဗစ်-၁၉ရောဂါနှင့်ပတ်သက်သည်များကို ကျန်းမာရေးအသိပညာပေးခြင်းတို့ကို အသီးသီးပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် ကျောင်းစာအပြင် စာဖတ်သည့်အလေ့အထကောင်းများရရှိစေရန် အချင်းချင်းပူးပေါင်းဆောင်ရွက်တတ်စေရန် စသည့် ရည်ရွယ်ချက်တို့ဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ကာယ၊ ဉာဏ ပြိုင်များဖြစ်သည့် အစုအဖွဲ့လိုက် လက်ဝိုင်းလှည့်ကစားပြိုင်ပွဲ၊ ဉာဏ်စမ်းပြိုင်ပွဲကို ကျင်းပပြလုပ်ရာ ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို ဆုများအသီးသီးပေးအပ်ခဲ့ သည်။

ယင်းနောက် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များ၊ မှတ်တမ်းဓာတ်ပုံများ၊ ကိုဗစ်-၁၉ရောဂါအသိပညာပေးနံရံကပ်စာစောင်များ ပြသထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစား လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)