ကော့သောင်း အောက်တိုဘာ ၂၆
စုပေါင်းကာကွယ်ပလတ်စတစ်အန္တရာယ် အသိပညာပေးဆွေးနွေးပွဲ Talk Showအား ယနေ့နံနက်ပိုင်းက ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးစည်းကမ်းချက်နှင့်အညီ ပြု လုပ် ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေဇင်ဦးက ဆွေးနွေးပွဲ Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားပြီး ကော့သောင်းခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်နိုင်မိုးက ပလတ်စတစ်သမိုင်းကြောင်းနှင့် ကမ္ဘာတစ်ဝှမ်းလက်ရှိသုံးစွဲနေမှုအခြေ အနေများ၊ပလတ်စတစ်၏ ဆိုးကျိုးများနှင့်လူနှင့်ပတ်ဝန်းကျင် ဂေဟစနစ်ပေးသက်ရောက်မှု သကောင်းစရာများ၊ ပလတ်စတက်အပါအဝင်စွန့်ပစ်ပစ္စည်းများနှင့် ပတ်သက်၍ သတိပြု ဆောင်ရွက်ရမည့် အများပြည်သူသိထားသင့်သည့် သိကောင်းစရာများ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန် ကြီးဌာနမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာလုပ်ငန်းများကိုဆောင်ရွက်နေမှုအခြေ အနေများနှင့် အနာဂါတ်မျိုးဆက်များအတွက် ကောင်းမွန်သန့်ရှင်းသည့် ပတ်ဝန်ကျင်ဖြစ်ပေါ်လာရေး ဝိုင်းဝန်းကျင့်သုံး လုပ်ဆောင်သွားကြရေးအကြံပြု အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရသည်။
ကျော်စိုး(ကော့သောင်း)