ငပုတောမြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်ပြ လေ့ကျင့်ခြင်းနှင့် အသိပညာပေး ဟောပြောပွဲပြုလုပ်

ငပုတော အောက်တိုဘာ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၊ အခြေခံပညာအထက်တန်းကျောင်း  (နဝရတ်)ခန်းမတွင်  ယမန်​နေ့​ ​နေ့လယ်(၁၂)နာရီအချိန်က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်​ရေး သရုပ်ပြ​လေ့ကျင့်ခြင်းနှင့် အသိ ပညာ​ပေး ​ဟော​ပြောပွဲ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ငပုတောမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမင်းအောင် ဦး​ဆောင်သည့် သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များက မီးငြိမ်းသတ်ယာဉ်(၁)စီးဖြင့် မီးငြိမ်းသတ်ခြင်းကို သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခြင်းနှင့် မီးလောင်ခြင်းအန္တရာယ် ကြုံတွေ့လာပါက အရေးပေါ်မီးငြှိမ်းသတ်နိုင်​ရေး နည်းလမ်းများကို သရုပ်ပြ ပြသ​နေမှုများကို မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္က​ဋ္ဌ ဦး​ကျော်သာနှင့် အဖွဲ့ဝင်များ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများမှ ကြည့်ရှုအားပေးခဲ့ကြသည်။

ဆက်လက်ပြီး ​ဟော​ပြောပွဲ​ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမင်းအောင်က ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်၍ နေအိမ်များတွင် မီးဖိုများ အသုံးပြုပုံ၊ မီးဘေးအန္တရာယ် ကင်းဝေးစေရန် ဆောင်ရန်ရှောင်ရန်များ၊ လျှပ်စစ် ဓာတ်အားအသုံးပြုပုံ၊ ဓာတ်ဆီဖြည့်ခြင်း၊ ဖလှယ်ခြင်းများ ပြုလုပ်လျှင် ဆောင်ရန်ရှောင်ရန်များ၊ မီးသတ်ဆေး ဘူးအသုံးပြုပုံများကို အသိပညာပေး ဟောပြောခဲ့​ကြောင်း သိရသည်။

အောင်သူ(ငပုတော)