ချောက် အောက်တိုဘာ ၂၅
ချောက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ချောက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုယနေ့နံနက်၉နာရီအချိန် ကကျင်းပပြုလုပ်ခဲ့ရသည်။
ရှေးဦးစွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဌေးကျော်က အဖွင့်အမှာစကားပြောကြားပြီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်က ဆီထွက်သီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှုအခြေအနေများနှင့် မြို့နယ်လုံးဆိုင်ရာ စုပေါင်းဘုံကထိန်ပွဲတော်ကျင်းပရေး ဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးမြတ်သူက ဌာနဆိုင်ရာများက တင်ပြထားသည့် ဆွေးနွေးဆုံးဖြတ်ချက်များအား ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ခရိုင်ရဲတပ်ဖွဲ့၊ ဒုခရိုင်ရဲမှူးမြင့်လွင်က (၁)ပတ်အတွင်း မှုခင်းဖြစ်ပွားမှုအခြေအနေများကိုလည်းကောင်း၊ ခရိုင်တရားသူကြီး ဦးလှထွန်းက (၁)ပတ်အတွင်းအမှုစွဲတင်ပြီးပြတ်မှု အခြေအနေများအားလည်းကောင်း၊ ခရိုင်ဥပဒေအရာရှိ ဒေါ်အေးအေးချမ်းမှ (၁)ပတ်အတွင်း တရားစွဲတင်နိုင်မှုပြီးပြတ်မှု၊ အမှုလက်ကျန်များဆောင်ရွက်ထားရှိမှု အခြေအနေအားလည်းကောင်း၊ ရေနံချောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယအုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးမောင် ကဆီထွက်သီးနှံကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ဆောက်ရွက်နေမှုအခြေအနေများကိုလည်းကောင်း၊ ၂၀၂၂ခုနှစ်၊ဧပြီလမှ အောက်တိုဘာလအထိ တောင်သူများသို့ထုတ်ချေးထားသည့်စိုက်ဘဏ်ချေးငွေ ကြွေးကျန် လစဉ်တိုးတက်ကောက်ခံရရှိမှု အခြေအနေများကို မြို့နယ်လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ တာဝန်ခံဒေါ်ခင်စိုးရီကလည်းကောင်း၊ သမဝါယမချေးငွေ ကြွေးကျန်လစဉ်တိုးတက်ကောက်ခံရရှိမှု အခြေအနေများကို မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဦးတင်ဌေးကလည်းကောင်း၊ လျှပ်စစ်ဓါတ်အားခ ကြွေးကျန်လစဉ်တိုးတက်ကောက်ခံရရှိမှုအခြေအနေများကို မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ လျှပ်စစ်အင်ဂျင်နီယာမှူးဦးထက်အောင်နိုင်ကလည်းကောင်းအသီးသီး ရှင်းလင်းတင်ပြခဲ့သည်။
ဆွေးနွေးပွဲသို့တက်ရောက်လာသည့် ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဌေးကျော်လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
(မြို့နယ်ပြန်/ဆက်)