ကြံခင်း အောက်တိုဘာ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၉)နာရီက ကြံခင်းမြို့အမှတ်-၁ အခြေခံပညာ အထက်တန်းကျောင်း အောင်ကျော်ခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်က အဖွင့်အမှာစကားပြောကြားရာတွင် စီမံခန့်ခွဲမှု အဓိပ္ပာယ်နှင့် ကျောင်းအုပ်ဆရာ/ ဆရာမများက စနစ်တကျ လေ့လာမှတ်သား ကြပြီး ခေါင်းဆောင်ကောင်းများ ဖြစ်လာစေရန် ပြောကြားပြီးနောက် မြို့နယ်ပညာရေးမှူး ဦးအေးထွန်းက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက် သည်များအား ရှင်းလင်းပြောကြားသည်။
ကြံခင်းမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်း အုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲတွင် ဟင်္သာတခရိုင် ပညာရေးမှူး ဦးတိုးဝင်းနှင့် မြန်အောင်ခရိုင်အတွင်းရှိ ပညာရေးမှူးများက သင်တန်းပို့ချ ပေးမှာဖြစ်ကြောင်းနှင့် သင်တန်းသား/သင်တန်းသူ (၁၂၂)ဦးတို့အား စီမံ၊ ဘဏ္ဍာ၊ ပညာ၊ ကာယနှင့် ကျောင်းကျန်းမာရေး ဘာသာရပ်များ သင်ကြားပို့ချပေးမှာ ဖြစ်ကြောင်း၊ သင်တန်းကာလမှာ အောက်တိုဘာ (၂၅)ရက်မှ အောက်တိုဘာ(၂၆)ရက်နေ့အထိ သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)