အုတ်တွင်းမြို့နယ်၌ ခြွေလှေ့စက်ဖြင့် မိုးစပါးစံကွက်ရိတ်သိမ်းခြင်း ပြုလုပ်

အုတ်တွင်း အောက်တိုဘာ ၂၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ဥယျာဉ်တော်ကျေးရွာအုပ်စု ကွင်းအမှတ် (၃၅၉)/ဦးပိုင်အမှတ်(၂၆) တောင်သူဦးညွန့်ဝေ၏မိုးစပါးမျိုးကွဲ GW-11 စံပြကွက်ခြွေလှေ့စက်ဖြင့် စံကွက်ရိတ်သိမ်းခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါစံပြကွက်၌ ပြုလုပ်သည်။

အဆိုပါ စံကွက်ရိတ်သိမ်းခြင်းသို့ မြို့နယ်စီမံအုပ်‌ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဆန်းဦးနှင့်ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးညှိနှိုင်းရေးအဖွဲ့နှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြည့်ရှု အားပေးခဲ့သည်။

အုတ်တွင်းမြို့နယ်အနေဖြင့် ၂၀၂၂-၂၀၂၃ ခုနှစ်မိုးစပါး မျိူးကွဲ GW-11 စံပြကွက်နှစ်ဧကအနက် သုညဒသမ ၁၀ ဧကကို စပါးခြွေလှေ့စက်ဖြင့် စံကွက်ရိတ်သိမ်းခဲ့ရာ စံကွက်အထွက်တင်း ၁၀ ဒသမ ၀၀ တင်း၊ စပါးအစို ၁၀၀ ဒသမ ၀၀ တင်း၊ အခြောက် ၉၅ ဒသမ ၀၀ တင်း ထွက်ရှိခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

အေမင်းရည်စော(ပြန်/ဆက်)