ဝေါ အောက်တိုဘာ ၂၅
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး၀န်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် မြစိမ်းရောင်ကျေးရွာ စီမံကိန်း(ဆီထွက်သီးနှံ) နေကြာစိုက်ပျိုးမည့် တောင်သူများအား ချေးငွေထုတ်ချေးရန် ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီအချိန်က ဝေါမြို့နယ်၊ လေးအိမ်စုကျေးရွာနှင့် ဂွေ့ကြီးကျေးရွာတို့တွင် ပြုလုပ်ကျင်းပသည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟထွန်းက အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးအောင်မိုးလွင်က မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) ဖြင့် နေကြာစိုက်ပျိုးမည့် တောင်သူများအား နေကြာစိုက်ပျိုးနည်း ပညာပေး ဟောပြောခဲ့သည်။ ယင်းနောက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ငြိမ်းငြိမ်းအိက မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြစိမ်းရောင်ကျေးရွာ စီမံကိန်း(ဆီထွက်သီးနှံ)နေကြာ စိုက်ပျိုးမည့် တောင်သူများအား ချေးငွေထုတ်ချေးရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ ဦးသီဟထွန်းက ရန်ပုံငွေလွှဲပြောင်းပေးအပ်ရာ လေးအိမ်စုကျေးရွာအတွက် ကျပ်သိန်း ၂၀၀၊ ဂွေ့ကြီးကျေးရွာအတွက် ကျပ်သိန်း ၁၀၀ တို့အား လေးအိမ်စုကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလှဝင်းနှင့် တောင်သူများထံသို့ ရန်ပုံငွေများ အသီးသီးလွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)