ကျောက်မြောင်းမြို့၊ မလားကျေးရွာပြည်သူများအတွက် နိုင်ငံတော်အစိုးရမှ စတုတ္ထအကြိမ် ထောက်ပံ့ငွေပေးအပ်

ကျောက်မြောင်း  စက်တင်ဘာ   ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့၊ မလားကျေးရွာတွင် ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစားများအတွက် နိုင်ငံတော်အစိုးရမှ စတုတ္ထအကြိမ် ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီက ကျေးရွာ အတွင်းရှိ မိသားစုနေအိမ်များအရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုဗစ်−၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား များအတွက် ထောက်ပံ့ငွေများ ပေးအပ်ရာ  မလားကျေးရွာရှိ အိမ်ထောင်စု (၄၄၅) စု အတွက် တစ်အိမ်ထောင်လျှင် ငွေကျပ် (၂၀၀၀ဝိ/) နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၈၉၀၀၀၀ဝိ/) ကို သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးထွန်း‌သောင်းက မိဘပြည်သူများ၏ လက်ဝယ်သို့အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇင်ပိုင်မှူး(ကျောက်မြောင်း)