ရွှေဘို အောက်တိုဘာ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ရွှေဘိုမြို့နယ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှချီးမြှင့်သည့် ရဲဗလတံဆိပ် ထပ်ဆင့်ချီးမြှင့်ပေးအပ်ပွဲကို ယနေ့နံနက် ၁၀နာရီချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊သေဆုံး၊ ထိခိုက်၊ ဒဏ်ရာရရှိခဲ့သည့် အုပ်ချုပ်ရေးမှူးများအား၊ ၂၀၂၂ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ချီးမြှင့်သည့် ရဲဗလတံဆိပ်များအား၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦး၊ အဖွဲ့ဝင်ဒုတိယဗိုလ်မှူးကြီးရဲထွဋ်ဝင်း၊ အတွင်းရေးမှူး ဒုတိယရဲမှူးကြီးစွမ်းဇာနည်၊ အဖွဲ့ဝင်ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှူး ဦးအောင်မြင့်တို့က ချီးမြှင့်ပေးအပ်ရာ၊ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အုပ်ချုပ်ရေးမှူးများ၏ မိသားစုဝင်များက လက်ခံရယူခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ မိသားစုဝင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ခရိုင်စီမီအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းနှင့်အဖွဲ့ဝင်များ၊ သေဆုံးထိခိုက်ဒဏ်ရာရသူများ၏ မိသားစုဝင်များ၊ သက်ဆိုင်ရာရပ်ကျေးဥက္ကဋ္ဌနှင့် စာရေးဝန်ထမ်းများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်