ကြို့ပင်ကောက် အောက်တိုဘာ ၂၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့တွင် (၁၁) ကြိမ်မြောက် မြို့နယ်လုံးကျွတ်စုပေါင်း မဟာဘုံကထိန်အလှူပွဲကို မြို့ဦးပန်းတင် ဘုန်းတော်ကြီးကျောင်းတွင် နိုဝင်ဘာလ ၂ ရက်နေ့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး တွင် ကျင်းပပြုလုပ်သော ဌာနဆိုင်ရာများ စုံညီအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ပြောကြားချက်အရ သိရသည်။
မြို့နယ်လုံးကျွတ်စုပေါင်း မဟာဘုံကထိန်အလှူပွဲအား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် မဟာဘုံကထိန်ပွဲတော်ဖြစ်မြောက်ရေး ကော်မတီ၊ ဆပ်ကော်မတီများဖွဲ့စည်းပြီး စနစ်တကျကျင်းပ ပြုလုပ်သွားမည်ဖြစ်ပြီး အများပြည်သူများ ဌာနဆိုင်ရာဝန်ထမ်းများ၏ စုပေါင်းလှူဒါန်းထားသော ကထိန်လျာသင်္ကန်းနှင့် ပဒေသာပင်များအား ဒေသခံပြည်သူများ ကုသိုလ်စိတ်ပွားများ နိုင်ရေးအတွက် မြို့နယ်အတွင်း စည်ကားစွာလှည့်လည်သွားမည် ဖြစ်ကြောင်း ဘုံကထိန်ပွဲတော်ဖြစ်မြောက်ရေး ကော်မတီထံမှ သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)