ကရသူရိ အောက်တိုဘာ ၂၅
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်/ နေထိုင်ရေး အသိပညာပေးနံရံကပ်စာစောင်များကို ယနေ့ မွန်းလွဲ (၁၂) နာရီက ပြသပေးခဲ့ကြောင်းသိရသည်။
ကိုဗစ်-၁၉ ရောဂါသည် အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများကို ဖြစ်စေပြီး နေထိုင်မကောင်းခြင်း၊ နှာခေါင်း၊ လည်ချောင်း၊ လေအဝင်အထွက်လမ်းကြောင်းမှတစ်ဆင့် အလွယ်တကူကူးစက်လွယ်သည့် ရောဂါဖြစ်သည့်အတွက် ကြိုတင်ကာကွယ်နေထိုင်နိုင်ရေး ပညာပေး ပြသခြင်းဖြစ်ကြောင်း အဆိုပါပြဘုတ်တွင် ကိုဗစ်-၁၉ ကာကွယ်ရေးစနစ်တကျ လက်ဆေးပေး၊ ဆပ်ပြာနှင့်ရေကို အသုံးပြုပြီး စက္ကန့် (၂၀) ကြာအောင် လက်ဆေးဖို့ ဘာကြောင့်လိုအပ်တာလဲ၊ နေ့စဉ်ဘဝမှာ ခပ်ခွာခွာနေပါစသည့် ကျန်းမာရေဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စာစောင် များကိုပြသရာ ကျောင်းသား/သူများက စိတ်ဝင်တစ်စား လေ့လာကြည့်ရှုကြ ကြောင်းသိရသည်။
မြို့နယ် (ပြန်/ဆက်)