သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းဆိုင်ရာ အသိပညာပေး Talk Show ဆောင်ရွက်

သံတောင်ကြီး အောက်တိုဘာ 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းဆိုင်ရာ အသိပညာပေး Talk Show ကို ယမန်နေ့နေ့လယ် () နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ အသိပညာပေး Talk   Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နော်နီလာအေးက Talk Show ပြုလုပ်ရခြင်းရည်ရွယ်ချက်ကို ပြောကြားပြီး သံတောင်ကြီးမြို့နယ် ကျမ်းမာရေးဆရာမ နော်အယ်ဝါးက ဆေးရုံဆေးခန်းတွင် မွေးဖွားလာသော ကလေးများအား မွေးပြီးပြီးချင်း (၂၄) နာရီတွင်း ဆေးရုံ/ဆေးခန်းပြင်ပတွင် မွေးလာသော ကလေးများအားမွေးပြီး () ရက်အတွင်း အသည်းရောင်အသားဝါ (ဘီ) ကာကွယ်ဆေးထိုးနှံရန် ၊ ပီစီဂျီ ကာကွယ်ဆေးကို မွေးစတွင် မထိုးနှံနိုင်ပါက အသက် () လမတိုင်မီ (သို့မဟုတ်) အသက် () လတွင် အခြားကာကွယ်ဆေးများနှင့်ထိုးနှံရန်၊ မွေးစမှတစ်နှစ်ခွဲအထိကာကွယ်ဆေး ထိုးနှံရမည့် အကြိမ် အရေအတွက်နှင့် ကာကွယ်ဆေးအမျိုးအစားများအသက် ()နှစ်()နှစ် ()နှစ် (၁၀)နှစ် ထိုးနှံရမည့် ကာကွယ်ဆေးများအမျိုးအစားများ စသည့်အကြောင်းအရာများအား အကျယ်တစ်ဝင့်ရှင်းလင်း ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

စောမင်းသား(ပြန်/ဆက်)