ကြာအင်းဆိပ်ကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းပြုလုပ်ကျင်းပ

ကြာအင်းဆိပ်ကြီး အောက်တိုဘာ ၂၅

စာအုပ်စာစောင်များချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင်များမှ လစဉ် စဉ်ဆက်မပြတ် ပြုလုပ်ကျင်းပဆောင်ရွက်လျက်ရှိသည့် စာဖတ်ဝိုင်းအား ယမန်နေ့ နေ့လယ် ၁ နာရီခွဲအချိန်က ကရင်ပြည်နယ် ကြာဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ကျင်းပသည်။

အဆိုပါစာဖတ်ဝိုင်းတွင် စာရေးဆရာကလောင်စုံများ ပါဝင်ရေးသားသည့် (စာကညစ်ခြစ်လေရာ) ခေါင်းစဉ်ပါ ဆောင်းပါးစာအုပ်မှ စာရေးဆရာသော်တာဆွေ ရေးသားသည့် ဒီစိတ်နှင့်ဒီအရွယ်၊ စာရေးဆရာမြသန်းတင့် ရေးသားသည့် အမြတ်အစွန်း၊ စာရေးဆရာနတ်နွယ် ရေးသားသည့် တစ်ချိန်တုန်းကစာရေးဆရာ၊ စသည့် ခေါင်းစဉ်ပါဆောင်းပါများ၏ အကြောင်းအရာများအား စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင်များမှ တစ်ဦးချင်းစီအလှည့်ကျဖတ်ကြားပြီး မိမိတို့၏တွေးခေါ်ထင်မြင်ယူဆချက်များအား အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

မျိုးမင်းဦး