ကြံခင်း အောက်တိုဘာ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်သော အနာဂါတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်ပြီး ယနေ့နံနက် (၉)နာရီအချိန်က ကြံခင်းမြို့အမှတ်-၁ အခြေခံပညာအထက်တန်းကျောင်း ရှေ့အားကစားကွင်းတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်မှ လူငယ်နှင့်စာဖတ်ခြင်း၊ စာပေလေ့လာဖတ်ရှု့ခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူး (၇)မျိုးအားလည်းကောင်း၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သိမ့်သိမ့်နွေးမှ လူငယ်နှင့်ခေါင်းဆောင်မှု၊ အားကစားနှင့်ကျန်းမာရေးဆိုင်ရာများအား ရှင်းလင်းဟောပြောသည်။
ထိုနောက် အမှတ်-၁ အခြေခံပညာအထက်တန်းကျောင်းမှ (ကာယဆရာကြီး) ဦးဝင်းကိုကိုဦးအား မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သိမ့်သိမ့်နွေးက အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း၊ နည်းစနစ်မှူး ဒေါ်ခင်မိုးဝါက ကျောင်းသား၊ ကျောင်းသူများနှင့်အတူ Fitness Dance အကဖြင့် သရုပ်ပြကြသည်။
ဟောပြောပွဲသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သိမ့်သိမ့်နွေးနှင့် ဝန်ထမ်းများ၊ အမှတ်-၁ အခြေခံပညာ အထက်တန်းကျောင်းမှဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ (၁၅၈)ဦး တက်ရောက်ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)