ဝါးခယ်မမြို့နယ်ရုံး လူထုအ‌ခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show ပြုလုပ်

ဝါးခယ်မ အောက်တိုဘာ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ရီရီလွင်မှ စားသုံးသူအခွင့်အရေးများ၊ ဈေးကွက်အတွင်း ကုန်စည်နှင့်ဝန်ဆောင်မှုအရ ဥပဒေများ ဆောင်ရွက်နေမှုများကို ဆွေနွေးတင်ပြရာ စားသုံးသူရေးရာဦးဌာနမှ မြို့နယ်တာဝန်ခံဦးစီးမှူး ဦးအောင်မိုးမှ စားသုံးသူကာကွယ်ရေး ဥပဒေကို ၂၀၁၉ ခုနှစ် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်ကို မတ်လ ၁၅ ရက်နေ့တွင်ထုတ်ပြန်ပြီး ထိုဥပဒေအရ အခန်း ၆ ပုဒ်မ ၁၅ အရ စစ်ဆေးရေးတာဝန်များ၏လုပ်ငန်း ၁၁ ချက်အရ ဈေးကွက်ကို စစ်ဆေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ စားသုံးသူများကို ကာကွယ်ပေးနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြရာတွင် စားသုံးသူရေးရာဥပဒေပါ အခန်း ၆ ပုဒ်မ ၁၅ (ခ)အရ ကုန်အညွှန်းအမှတ်အသား ဖော်ပြရမည့် အချက်များပါဝင်မှု ရှိ/ မရှိကို စစ်ဆေး၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးရေးပုဒ်မ ၄၁ အရ ကုန်စည်၏အမှတ်အသား၊ ကုန်အမျိုး အမည်အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းစည်းမှု အညွှန်းသုံးစွဲမှုနည်းလမ်းများ၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲ ထုတ်လုပ်မှုအမှတ်စဉ်များ၊ ပြည်တွင်းထုတ် တင်သွင်းသောကုန်စည်ဖြစ်ပါက တင်သွင်သူအမည်နှင့်လိပ်စာ ထုတ်လုပ်သည့်လုပ်ငန်း အမည်နှင့် လိပ်စာပါရှိခြင်း၊ ထုတ်လုပ်သည့်နေရာ (သို့) ပြည်ပမှကုန်စည်များ တင်သွင်းပြီး ပြန်လည်ထုတ်ပိုးသည့်နေရာ၊ ကုန်စည်တွင်ပါရှိသော ကုန်ကြမ်းပစ္စည်း အမျိုးအမည်ထွက် ပစ္စည်းများ၏ပမာဏ ပါဝင်မှုအမျိုးအစားများ၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးနှင့် ဓာတ်မတည့်ကြောင်း ကြိုတင်သတိပေးစားများ၊ သက်ဆိုင်ရာ အစိုးရဌာနများက ဖော်ပြရန် အချက်အလက်များပါဝင်ကြောင်း အပြန်အလှန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ဟိန်းထက်လင်း(ပြန်/ဆက်)