သံတောင်ကြီး အောက်တိုဘာ ၂၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်း၏အကျိုးကျေးဇူး သိရှိလာစေရန်နှင့် အသိပညာဗဟုသုတကြွယ်ဝလာစေရန်ရည်ရွယ်ပြီး Book Club အဖွဲ့ဝင်များက စာရေးဆရာခင်စောတင့်၏ မေတ္တာပါတဲ့အတွေးများစာအုပ်ကို ယနေ့နံနက်(၁၀)နာရီအချိန်က သံတောင် ကြီးပြည်သူ့စာကြည့်တိုက် Community Centre ခန်းမတွင်စာဖတ်ဝိုင်းဆွေးနွေးဆောင်ရွက်ခဲ့ကြောင် းသိရသည်။
ရှေးဦးစွာ သံတောင်ကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ နော်လော်မူက စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ် ချက်များရှင်းကို လင်းပြောကြားပြီး နော်ယွာအယ် (Book Club) အဖွဲ့ဝင်က စာအုပ်ပါအကြောင်းအရာတွင်ခေါင်းစဉ်ငယ်ဖြစ်သည့် အ တူတူထိုင်ကာစကားပြော ကြမယ်၊ အားကိုးပါးရငိုပါရစေ ၊ ကောင်းတာကိုသာ မျှော်လင့်ပါ၊ အရည်အသွေးပြည့်ဝတဲ့သူဆိုတာ စသည်တို့ကိုဖတ်ကြားဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး နော်ဂေးဂေ(Book Club) အဖွဲ့ဝင်က လက်သုတ်ပဝါလေးတွေကပေးတဲ့ သင်ခန်းစာများ၊ ရာသီတွေဘယ်လိုပြောင်းသော် လည်း၊ အမေ့မေတ္တာ၊ ချစ်စရာကောင်းတဲ့လူငယ်တွေစသည့် အကြောင်းအရာများကို ဖတ်ကြားဆွေးနွေးခဲ့ပြီးတက်ရောက်လာသည့် Book Club အဖွဲ့ဝင်များက စာအုပ်ပါကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
နော်နော်မူ