ပေါင်းတည် အောက်တိုဘာ ၂၅
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် တောင်လွှဲကျေးရွာကုန်ထုတ်လမ်းကို အကောင်အထည်ဖော် ဖောက်လုပ်လျက်ရှိသည်။
အဆိုပါ ကျေးရွာ ကုန်ထုတ်လမ်းကို ပြည်ထောင်စုရန်ပုံငွေကျပ် ၁၁၇.၇၄၃၀ သန်းဖြင့် ဇွန်လ ၁၀ ရက်ကစတင်၍ ဇမ္ဗူဒီပါကုမ္ပဏီလီမိတက်က တာဝန်ယူဖောက်လုပ်ဆောင်ရွက်ခဲ့ရာ အောက်တိုဘာလ၂၄ ရက်နေ့ အထိ ၉၅ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်းသိရသည်။
ထိုမြေနီလမ်းသည် အရှည် ၆၅၀၀ ပေ၊ အကျယ် ၁၂ ပေရှိပြီး၊ ရေထုတ်ပြွန် ၁၀ ခုနှင့် မြောင်းကူးတံတား ၃ စင်း တည်ဆောက်ခြင်း လုပ်ငန်းများပါဝင်ကာ လုပ်ငန်းအားလုံးပြီးစီးပါက တောင်လွှဲကျေးရွာအပါအဝင် ယင်းနှင့် ဆက်စပ်လျက်ရှိသည့် ကျေးလက်ဒေသများမှ လယ်ယာထွက်ကုန်များ အချိန်တိုအတွင်း ရန်ကုန်-ပြည်မော်တော်ကားလမ်းမပေါ်သို့ ရောက်ရှိနိုင်ပြီး လွယ်ကူချောမွေ့စွာ သယ်ယူပို့ဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။
သူရကြီး ( ပြန်/ဆက်)