ကြံခင်း အောက်တိုဘာ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာငွေများကို အောက်တိုဘာ ၂၁ ရက်နေ့ နံနက် ၆ နာရီက စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။ ကြံခင်းမြို့နယ် အတွင်းရှိ ပင်စင်လစာ ထုတ်ယူသူဦးရေ စုစုပေါင်း (၁၁၅၃) ဦးရှိရာ နိုင်ငံရေးပင်စင် (၈၇)ဦး၊ ကာကွယ်ရေး ပင်စင်(၂၈၃)ဦး၊ မြို့ပြပင်စင်(၇၇၂)ဦးနှင့် ဘဏ်ပင်စင်စား(၁၁)ဦးရှိကြောင်း သိရသည်။
အဆိုပါ ပင်စင်လစာငွေ ထုတ်ပေးခြင်းကို ယခုလတွင် အောက်တိုဘာ(၂၁) ရက်နေ့မှ (၃၁)ရက်နေ့ထိ နေ့စဉ် ရုံးပိတ်ရက်မှ အပ ရုံးဖွင့်ချိန်များတွင် နံနက်(၆)နာရီမှ နေ့လယ်(၂)နာရီထိ ထုတ်ပေးသွားမည်ဖြစ်ပြီး ပင်စင် လစာငွေများ ထုတ်ပေးရာတွင် မြို့နယ်မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာနှင့် တာဝန်ရှိသူများက ပင်စင်စားများ အား စနစ်တကျ ထုတ်ယူနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)