ရေနံချောင်း အောက်တိုဘာ ၂၄
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယနေ့နံနက် ၁၁ နာရီက မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများနှင့် တွေ့ဆုံကာ ရုံးလုပ်ငန်းများအား ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။
ဦးစွာ ဒုတိယဝန်ကြီး ဦးရဲတင့်သည် ရုံးအဆောက်အဦးကို ကြည်ရှု့စစ်ဆေးရာ မြို့နယ်ပြန်/ဆက် ဦးစီးအရာရှိ ဒေါ်နန္ဒာလှိုင်က ချောင်းတိမ်ချောင်း ရေကြီးရေလျှံမှုကြောင့် လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမအတွင်း ရေဝင်ရောက်မှု အခြေအနေများနှင့် ရုံးပစ္စည်းများ၊ စာအုပ်စာစောင်များ ပျက်စီးမှုမရှိစေရေး စီမံဆောင်ရွက်ထားမှု အခြေအနေများကို ရှင်းလင်း တင်ပြသည်။
ထို့နောက် ဒုတိယဝန်ကြီးက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်ခန်းမတွင် ရုံးဝန်ထမ်းများနှင့် တွေ့ဆုံစဉ် ရုံးလုပ်ငန်းများ စနစ်တကျ ရှိစေရေး၊ စာဖတ်စာငှား တိုးပွားရေး၊ လူငယ်လူရွယ်များ ဗလငါးတန်ပြည့်စုံဖို့ အသိပညာပေး လုပ်ငန်းများကို ဦးစားပေးဆောင်ရွက်ရန်၊ ပြည်သူများနှင့် လူငယ်များ စာကြည့်တိုက်ကို အသုံးပြုလာစေရေး၊ ဌာန၏ရည်မှန်းချက်လုပ်ငန်းဖြစ်သည့် ပြန်ကြားပေးရန်နှင့် အသိပညာပေး လုပ်ငန်းများကို အလေးထားဆောင်ရွက်ရန်၊ ဌာနဝန်ထမ်းများအနေနဲ့ ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံးနဲ့ လုပ်ငန်းများကို စေတနာထားဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်