သာယာဝတီမြို့နယ်၌ လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု (အခြေခံ)သင်တန်း အမှတ်စဉ် ၁/၂၀၂၂ ဖွင့်ပွဲအခမ်းအနားကျင်းပ

သာယာဝတီ အောက်တိုဘာ ၂၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ အမှတ် (၁၄) စက်မှုလယ်ယာစခန်း၌ လယ်ယာသုံး စက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်း အမှတ်စဉ် (၁ /၂၀၂၂-၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ သာယာဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဝင်းက အဖွင့်အမှာ စကားပြောကြားပြီး သာယာဝတီခရိုင်စက်မှုလယ်ယာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းသန့်မှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်း​ပြောကြားသည်။

သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ သာယာဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးသိပ္ပံ သာယာဝတီမြို့မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သာယာဝတီခရိုင်အတွင်းရှိ စက်မှုလယ်ယာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးများနှင့် စိုက်ပျိုးရေးသိပ္ပံ နောက်ဆုံးနှစ်မှ သင်တန်းသား ( ၄၀ ) ဦးတို့ တက်ရောက်ခဲ့ပြီး၊

စိုက်ပျိုးရေးသိပ္ပံနောက်ဆုံးနှစ်မှ ကျောင်းသားများအတွက် လုပ်ငန်းခွင်အကြိုသင်တန်းအဖြစ် ထွန်စက်ကြီး၊ လက်တွန်းထွန်စက်၊ ရိတ်သိမ်းခြွေလှေ့စက် ဘာသာရပ်များအား အောက်တိုဘာလ ၂၄ ရက်မှ နိုဝင်ဘာလ ၄ ရက်နေ့အထိ ရက်သတ္တပတ် (၂)ပတ်ကြာ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။

သန့်ဇော် (ပြန်/ဆက်)