အိမ်မဲမြို့နယ်တွင်( English Four Skills Challenge Competition) အင်္ဂလိပ်စာစွမ်းရည် (၄)မျိုးပြိုင်ပွဲကျင်းပ

အိမ်မဲ အောက်တိုဘာ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အ-ထ-က (၂) ပညာဗိမာန် ခန်းမတွင် New Generation Legends Foundet အရှင်ထေရိန္ဒမှ ဦးဆောင်ကျင်းပသည်ံ့ ( English Four Skills Challenge Competition) အင်္ဂလိပ်စာစွမ်းရည် (၄)မျိုးပြိုင်ပွဲကို ယနေ့နေ့လယ် ၁၂ နာရီတွင် ဆက်လက်ကျင်းပခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် အိမ်မဲမြို့နယ် စီမံအုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ကိုကိုဦး၊ မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး ဆရာကြီးဦးအောင်မင်းတို့က အဖွင့်အမှာ စကားများနှင့် အမှာစကားများအသီးသီးပြောကြားခဲ့သည်။ ထို့နောက် New Generation Legends Foundet အရှင်ထေရိန္ဒမှ ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို အကျယ်တဝင့်ပြောကြားခဲ့သည်။

ဆက်လက်ပြီး အမှတ်-၂ အခြေခံပညာအထက်တန်းကျောင်း (အိမ်မဲ)တွင်ပြိုင်ပွဲကျင်းပပြုလုပ်ခွင့် ပေးသော ကျောင်းအုပ်ဆရာကြီး ဦးဝင်းနိုင်နှင့် ပြိုင်ပွဲတွင် အမှတ်ပေးကြီးကြပ်ပေးသော ဆရာ၊ ဆရာမကိုယ်စား အင်္ဂလိပ်စာဆရာမ ဒေါ်ညွှန့်ညွှန့်လှိုင်တို့က စကားလက်ဆောင်များ အသီးသီး ပြောကြားခဲ့သည်။ ယင်းနောက် Training Centre မှ Teacher Zue Zue Zinမှ ပြိုင်ပွဲ၏ စည်းမျဉ်း စည်းကမ်းများနှင့် အမှတ်ပေး ရွေးချယ်ပုံကိုရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက်( English Four Skills Challenge Competition) အင်္ဂလိပ်စာစွမ်းရည် (၄)မျိုးပြိုင်ပွဲကျင်းပရာ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ယှဥ်ပြိုင်ကြပြီး ဆုရရှိသည့် ကျောင်းသား၊ကျောင်းသူများကို တာဝန်ရှိသူများကဆုများအသီသီးချီးမြှင့်ပေးခဲ့ကြောင်း သိရ သည်။

“အဆိုပါပြိုင်ပွဲကို မိမိတို့မြို့နယ်တွင် English ဘာသာစကားကို စနစ်တကျ တက်ကျွမ်းသော လူမှုအသိုင်း အဝိုင်းတစ်ခုပေါ်ပေါက့လာစေရန်၊ နိုင်ငံတကာနှင့်ရင်ဘောင်တန်းနိုင်သော မျိုးဆက်သစ်လူငယ်များ ပေါ်ပေါက်လာစေရန်၊ လူငယ်များအနေဖြင့်မိမိအနာဂါတ်ကို စိန်ခေါ်နိုင်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် ပြိုင်ပွဲကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း” ပြိုင်ပွဲဦးဆောင်ကျင်းပသူ New Generation Legends Foundet မှဆရာတော်အရှင်ထေရိန္ဒ မိန့်ကြားချက်အရသိရသည်။

( English Four Skills Challenge Competition) အင်္ဂလိပ်စာစွမ်းရည် (၄)မျိုးပြိုင်ပွဲ ကို ယမန်နေ့ ကစတင်ကျင်း ပခြင်းဖြစ်ပြီး ပြိုင်ပွဲတွင် ပါဝင်ယှဥ်ပြိုင်သူ (၅၀)ဦးကျော်ရှိကာ ယနေ့တွင် ဇကာတင် (၁၂)ဦး( Grade3, 4 မှ ၂ ဦး၊ Grade 5, 7 မှ ၄ဦး၊ Grade 8 အထက်မှ ၆ဦး) တို့မှ ပါဝင်ယှဥ်ပြိုင်ကြ မည်ဖြစ်ကြောင်းသိရသည်။

ချစ်သက်လယ် (အိမ်မဲ)