ကျွန်းလှ အောက်တိုဘာ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးအတွက် ကာကွယ်ဆေးထိုးနှံခြင်းကို နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၇ နာရီခွဲက ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံရမည့်ပြည်သူများအား မြို့နယ်ပြည်သူ့ဆေးရုံ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးကြပ်ပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါက်တာဝင်းဇော်ဌေးဦးဆောင်သော ကျန်းမာရေး ဝန်ထမ်းများက ကာကွယ်ဆေးလာရောက် ထိုးနှံသူများအား ကျန်းမာရေးစစ်ဆေးပေးပြီး စနစ်တကျ ထိုးနှံပေးကြသည်။
ထို့အပြင် ကျွန်းလှမြို့နယ်တွင် ခရီးသွားပြည်သူများ၊ လမ်းသွား လမ်းလာများ၊ ဈေးရောင်းသူများ၊ ဈေးဝယ်သူများအား နေအိမ်ပြင်ပထွက်လျှင် နှာခေါင်းစည်း (Mask)တပ်တင် သွားလာရန်၊ လက်ကိုစနစ်တကျ ဆေးရန်၊ စသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များ အသိပညာပေးပြီး နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ