အိမ်မဲ အောက်တိုဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြိုနယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် မီးဘေးအန္တရာယ်ကြုံတွေ့လာပါက တုံ့ပြန်ဆောင်ရွက်နိုင်ရန် မီးငြိမ်းသတ်နည်း သရုပ်ပြလေ့ကျင့်ခြင်းကို မြို့မစျေးကြီးတွင် ယနေ့နံနက် ၁၁ နာရီက ဆောင်ရွက်သည်။
ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝေယံစိုးက မီးသတ်ဆေးဘူးအသုံးပြုပုံကို ရှင်းလင်းပြောကြားခဲ့ပြီး ဆီမီးငြိမ်းသတ်နည်းကိုသရုပ်ပြခဲ့ကြသည်။ ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးငြိမ်းသတ်သည့် ရေယာဉ်(၂)စီးဖြင့် ရေထွက်ကို သရုပ်ပြခဲ့သည်။ ဆက်လက်ပြီး အိမ်မဲမြို့မစျေးကြီးမှ ရေစုပ်စက်ရေတင်နိုင်မှုနှင့် ကြိုတင်ကာကွယ်ရေးပစ္စည်းများထားရှိမှုတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ကိုကိုဦးနှင့်အဖွဲ့ဝင်များ တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
အိမ်မဲမြို့နယ် မြို့မစျေးကြီးမီးဘေးအန္တရာယ်ကြုံတွေ့လာပါက တုံ့ပြန်ဆောင်ရွက်နိုင်ရန် မီးငြိမ်းသတ်နည်းကို သရုပ်ပြဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ယခုဆိုရင် မြို့မစျေးကြီးအတွင်း စျေးဆိုင်များမှာလည်း မီးသတ်ဆေးဘူးထားရှိပြီး တုံ့ပြန်ဆောင်ရွက်နိုင်ရန် သင်ကြားပြသထားရှိပြီးဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမျိုးဇော်ကပြောသည်။
ချစ်သက်လယ်(အိမ်မဲ)