မုံရွာ အောက်တိုဘာ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်လုံးဆိုင်ရာ မဟာနာယက သြဝါဒါစရိယဆရာတော်ကြီးများ ကြီးမှူးကျင်းပအပ်သော သတ္တမအကြိမ် သဒ္ဓမ္မာလင်္ကာရစာမေးပွဲ စာအောင်ဆုနှင်း သဘင်ဝိဇယမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်ရှိ၊ သဒ္ဓမ္မဇောတက သုဗောဓာရုံကျောင်းတိုက် သဒ္ဓမ္မဇောတကဓမ္မာရုံတော်ကြီးတွင် ကျင်းပရာအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး /ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ အလှူရှင်များ တက်ရောက်ကြသည်။
ရှေးဦးစွာ သဒ္ဓမ္မာလင်္ကာရ ဝိဇယမင်္ဂလာ အခမ်းအနားအား မုံရွာမြို့၊ ဘုရားလှကျောင်းတိုက်၊ ဘဒ္ဒန္တဝိမလဆရာတော်က အခမ်းအနားဖွင့်ဂါထာတော် ရွတ်ဖတ်၍ဖွင့်လှစ်ပြီး မုံရွာမြို့၊ မဟာဝိ ဇ္ဇာသိပ္ပံကျောင်းတိုက်၊ သဒ္ဓမ္မာလင်္ကာရစာမေးပွဲ မဟာနာယက၊ နိုင်ငံတော်သံဃမဟာ နာယက သြဝါဒါစရိယ၊ အဘိဓဇမဟာရဌဂုရု ဆရာတော်ကြီးထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရှစ်ပါးသီလခံယူဆောက်တည်ကြပြီး သြဝါဒါစရိယဆရာတော်ကြီးနှင့် ပင့်သံဃာ ဆရာတော်ကြီးများထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လှူဘွယ်ပစ္စည်းများ အသီးသီးဆက်ကပ် လှူဒါန်းကြသည်။
ထို့နာက် မုံရွာမြို့၊ ဓမ္မပါရဂူကျောင်းတိုက်၊ သဒ္ဓမ္မာလင်္ကာရစာမေးပွဲ မဟာနာယက၊ နိုင်ငံတော် သံဃမဟာနာယက သြဝါဒါစရိယ၊ အဘိဓဇမဟာရဌဂုရု ဆရာတော်ကြီးထံတော်မှ သြဝါဒက ထာနာယူကြည်ညိုပြီး သဒ္ဓမ္မာလင်္ကာရစာမေးပွဲ မဟာနာယက ဆရာတော်ကြီးများက အကျော် တန်းပထမ ရှင်ကောသလ္လအား အောင်လက်မှတ်နှင့် စာအောင်ဆုအားလည်းကောင်း၊ ဝိသိဌဝိနယာလင်္ကာရ သာမဏေကျော်ဘွဲ့ရ ရှင်ကုဝေရအား ဘွဲ့လက်မှတ်၊ဘွဲ့တံဆိပ်နှင့် အောင်လံတော် အားလည်းကောင်း၊ ဝိနယာလင်္ကာရ သာမဏေကျော်ဘွဲ့ရ ရှင်ဝိဝေကအားဘွဲ့လက်မှတ်၊ဘွဲ့ တံဆိပ်နှင့် အောင်လံတော်တို့အား အသီးသီးဆက်ကပ်ခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တာဝန်ရှိသူများနှင့် အလှူရှင်များက စာအောင် သံဃာတော် အရှင်သူမြတ်များအား ဝတ္တုငွေများဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် သဒ္ဓမ္မာလင်္ကာရစာမေးပွဲ မဟာနာယက၊ သြဝါဒါစရိယ ဆရာတော်ကြီးများက စာအောင်ကျောင်းတိုက်အသီးသီးမှ ကိုယ်စားပြုအရှင်သူမြတ်တို့ထံ စာအောင်သာမဏေကျော်များ၏ အောင်လက်မှတ်နှင့် အောင်ဆုများဆက်ကပ်ချီးမြင့်ကာမုံရွာမြို့၊ ရန်ကင်းကျောင်း တိုက် ဆရာတော်ကြီးထံတော်မှ အနုမောဒနာတရား နာယူကြည်ညှိပြီး ရေစက်သွန်းချအမျှပေးဝေကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
အဆိုပါ မုံရွာမြို့နယ်လုံးဆိုင်ရာ မဟာနာယက သြဝါဒါစရိယ ဆရာတော်ကြီးများကြီးမှူး ကျင်းပအပ်သော သတ္တမအကြိမ် သဒ္ဓမ္မာလင်္ကာရစာမေးပွဲသို့ ကျောင်းတိုက်ပေါင်း ၂၇ တိုက်မှ ရှင်သာမဏေပေါင်း ၆၇၉ ပါး ဝင်ရောက်ဖြေဆိုခဲ့ကြရာ ၅၀၄ ပါးအောင်မြင် တော်မူခဲ့ကြပြီး အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စုစုပေါင်းလှူဒါန်းငွေကျပ် ၃၄၄၀၀၀၀ (သုံးဆယ် လေးသိန်း လေးသောင်း)ကျပ်အား ဆက် ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)