မအူပင်မြို့နယ်၌ ထက်၊ လယ်၊ မူကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

မအူပင် အောက်တိုဘာ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် အခြေခံပညာကျောင်းများမှ ထက်၊ လယ်၊ မူကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အထက(၁)မအူပင်မြို့ မြတ်ပညာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ခရိုင်ပညာရေးမှူး ဒေါက်တာသန္တာဆွေက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ပညာရေးမှူး ဒေါ်စန်းယုမော်က အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ စွမ်းဆောင်ရည်မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲသို့ မအူပင်မြို့နယ်အတွင်းရှိ အခြေခံပညာ ထက်၊ လယ်၊ မူကျောင်း(၃၂၂)ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း(၂)ကျောင်းမှ ကျောင်းအုပ် ဆရာ/ဆရာမကြီး (၃၂၄)ဦး တက်ရောက်ခဲ့ပြီး အောက်တိုဘာ ၂၂ ရက်မှ ၂၃ ရက်အထိ နှစ်ရက်တာ ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း လက်ထောက်မြို့နယ်ပညာရေးမှူး ဦးမြင့်ဌေးထံမှ သိရသည်။

ခရိုင် (ပြန်/ဆက်)