လှိုင်းဘွဲမြို့နယ် ဌာနဆိုင်ရာ စစ်ကြောင်းကြီး(၅)ကြောင်းအဖွဲ့နှင့်ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် ညှိနှိုင်းဆွေးနွေး

လှိုင်းဘွဲ   အောက်တိုဘာ  ၂၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ဌာနဆိုင်ရာစစ်ကြောင်းကြီး()ကြောင်းအဖွဲ့ စုပေါင်း၍ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ()နာရီအချိန်က ဝင်းစိန်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်ကျင်းပခဲ့ကြသည်။

မြို့နယ်အဆင့်ဌာနဆိုင်ရာစစ်ကြောင်းကြီး()ကြောင်းနှင့် ပြည်သူများတွေ့ဆုံပွဲတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းသန်းက ဌာနဆိုင်ရာစစ်ကြောင်းကြီး()ကြောင်း  ဖွဲ့စည်းပုံအဖြင့် ပါဝင်ကြသည့်  ကာကွယ်ရေးစစ်ကြောင်း၊ အုပ်ချုပ်ရေးစစ်ကြောင်း၊ တရားဥပဒေစိုးမိုးရေးစစ်ကြောင်း၊ ပညာရေးစစ်ကြောင်း၊ ကျန်းမာရေးစစ်ကြောင်းများတွင် ပါဝင်ကြသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ခံ များကိုမိတ်ဆက်ပေးခဲ့ပြီး မိမိတို့ရပ်ကွက်နှင့် ကျေးရွာအတွက်လိုအပ်သည့် ပညာရေး၊ကျန်းမာရေး၊ လူမှု ရေး၊စီးပွားရေးအတွက် လိုအပ်သည်များ၊ ကုန်ထုတ်လုပ်ရေးအတွက်လိုအပ်သည့် လမ်း၊တံတားများကိုရင်းနှီးပွင့်လင်းစွာဖြင့် ဆွေးနွေးတင်ပြစေလိုကြောင်း  အဖွင့်အမှာစကားပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်()ဗိုလ်မှူး တင်ဝင်းထွန်းမှ  နယ်မြေဒေသ တည်ငြိမ်လုံခြုံရေးအတွက်နယ်ခြားစောင့်တပ်ဖွဲ့၊ ပြည်သူ့စစ်အဖွဲ့များ၊ ပြည်သူလူထုနှင့်အတူ ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးသိန်းထွန်းမှ နယ်မြေတွင်း တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းတည်ငြိမ်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့် လူကုန်ကူးမှုအန္တရာယ်များ ကို   ကြိုတင်ကာကွယ်ကြရမည့်နည်း လမ်းများ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်() မြို့နယ်ရပ်မိ၊ရပ်ဖ ဦးသိန်းဇော်က ပြည်သူများကျန်းမာရေးအတွက် မိမိတို့ပူးပေါင်းဆောင်ရွက်နေလျက်ရှိကြောင်း၊ ကိုဗစ်-၁၉ရောဂါကာကွယ်ထိုးခြင်းလုပ်ငန်းများတွင် ကျန်းမာရေးဌာနကို ကူညီသည့်အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးကို  အကြိမ်ပြည့်ထိုးနှံကြစေလိုကြောင်း ဆွေးနွေးပြောကြားခဲ့ပြီးနောက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်ဦးက အိမ်ထောင်စုစာရင်းနှင့်နိုင်ငံသား မှတ်ပုံတင်ကဒ်ပြားများ ဆောင်ရွက်နေမှုနှင့် ပတ်သက် ၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ကျေးရွာနေပြည်သူများက ကျန်းမာရေးကဏ္ဍ၊ လမ်းတံတား၊ ရေနုတ်မြောင်းကဏ္ဍ၊ စိုက်ပျိုးရေး၊ မွေးမြူကဏ္ဍ၊ လျှပ်စစ်မီးရရှိရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ စသည်တို့ကို တင်ပြဆွေးနွေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာမြို့နယ်အဆင့်၊ မြို့အဆင့်ဌာနဆိုင်ရာ တာဝန်ခံများက ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကိုပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

လင်းသန့်(ပြန်/ဆက်)