မုံရွာမြို့၌ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး စိုက်ပျိုးရေးဆိုင်ရာ နည်းပညာပေးသင်တန်းဖွင့်

မုံရွာ အောက်တိုဘာ ၂၃

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၏ အနီးကပ်လမ်းညွှန်မှုဖြင့် မုံရွာမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်၍ တိုင်းဒေသကြီးအတွင်းရှိ မုံရွာမြို့နယ်တွင် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး စိုက်ပျိုးရေးဆိုင်ရာ နည်းပညာပေးသင်တန်းကို ယမန့်နေ့နံနက် ၉ နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးရုံးဝန်ထမ်းအိမ်ယာ၌ ဖွင့်လှစ်ခဲ့ကြသည်။

ရှေးဦးစွာ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးအောင်ကြည်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး နေကြာစိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ နည်းပညာများကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ဆက်လက်၍ မုံရွာခရိုင်စိုက်ပျိုးရေးဦးစီးမှူးက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နည်းပညာများကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် မုံရွာမြို့နယ်စိုက်ပျိုးရေးဦးစီးမှူးက တောင်သူများ တစ်ပိုင်တစ်နိုင်ဆောင်ရွက်နိုင်သော မှိုစိုက်ပျိုးထုတ်လုပ်မှုနည်းပညာနှင့် မြို့နယ်တွင်း နေကြာသီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရေး နေကြာစိုက်ပျိုးမည့်တောင်သူများအား နေကြာမျိုးစေ့များဖြန့်ဝေဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။

၎င်းနောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဖြိုးဝေက သဘာဝဆေးပြုလုပ် အသုံးပြုခြင်းနည်းပညာနှင့် ဒုလက်ထောက်ဦးစီးမှူး ဦးအောင်ကျော်ဦးမှ ဓာတုဆေး၊ ဓာတုမြေဩဇာများ စနစ်တကျအသုံးပြုခြင်း နည်းပညာများ ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

အဆိုပါသင်တန်းတွင် မုံရွာမြို့နယ်ရှိ ကျေးရွာ(၆)ရွာမှ တောင်သူ ၆၉ ဦးတက်ရောက်ကြပြီး တာဝန်ရှိသူများက မုံရွာမြို့နယ်အတွင်း စိုက်ပျိုးထုတ်လုပ်သူတောင်သူများ စိုက်ပျိုးရေး လုပ်ငန်းတွင်ကြုံတွေ့ရသော အခက်အခဲများကို နည်းပညာများ လက်တွေ့သင်ကြားပေးပြီး လွယ်ကူစွာဖြေရှင်းနိုင်ရန်နှင့် ပြောင်းလဲလာသော စိုက်ပျိုးရေဆိုင်ရာနည်းပညာများသိရှိကာ ကွင်းအတွင်းလက်တွေ့ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)