ကြံခင်း အောက်တိုဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်သူ့စာကြည့်တိုက် Facebook Page မှတစ်ဆင့် အရည်အသွေးပြည့်မီသည့် ပုံပြင်ပြော အစီအစဉ်များ ရိုက်ကူးထုတ်လွှင့် တင်ပေးနိုင်ရန် ယနေ့နံနက် ၁၀ နာရီက ကြံခင်းမြို့ ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲ အစီအစဉ် ကျင်းပခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် Facebook Page မှတစ်ဆင့် စာကြည့်တိုက်ဆိုင်ရာ အသိပညာပေးခြင်း လုပ်ငန်းများကိုလည်း ရိုက်ကူးထုတ်လွှင့်ပြီး ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ပြည်သူများအတွက် Facebook Page မှတစ်ဆင့် ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ခြင်း၊ ဆေးရောင်ခြယ်ခြင်း၊ စက္ကူခေါက်ခြင်း၊ အိမ်တွင်းမှုလုပ်ငန်းများနှင့် စာအုပ်မိတ်ဆက်ခြင်းများကို Website TV ရိုက်ကူးပြီး လွှင့်တင်ပေးလျက်ရှိပါကြောင်း၊ ယခုအခါ အရည်အသွေးပြည့်မီသည့် ပုံပြင်များ လွှင့်တင်နိုင်ရေးအတွက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ (၁) ရက်မှစပြီး သတ်မှတ်ချက်နှင့်အညီ ခရိုင်တစ်ခုလျှင် တစ်ဦးနှုန်းဖြင့် ဝင်ရောက်ယှဉ်ပြိုင် စေခဲ့ခြင်းဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်ကြသော ကျောင်းသား/သူ လူငယ်မောင်မယ်လေးများအား ပထမဆု ငွေကျပ်တစ်သိန်း၊ ဒုတိယဆု ငွေကျပ်ရှစ်သောင်း၊ တတိယဆု ငွေကျပ်ငါးသောင်းနှင့် အထူးဆု (၅)ဆုတွက် ငွေကျပ်နှစ်သောင်းစီ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ပါဝင်ယှဉ်ပြိုင်ကြသော ပုံပြင်များအား လူမှုဝန်ထမ်းဦးစီးဌာန၊ ပညာရေးဌာန၊ စာရေးဆရာအသင်း၊ Book Club နှင့် Youth Club အဖွဲ့အစည်းများဖြင့် အကဲဖြတ်စိစစ်ပြီး စည်းမျဉ်း၊ စည်းကမ်းချက်များနှင့်အညီ အမှတ်ပေး စိစစ်ရွေးချယ်သွားမှာဖြစ်ကြောင်း သိရသည်။
ယနေ့တွင် ကြံခင်းမြို့နယ် ရွာသစ်ရပ်ကွက် (အ.မ.က)အင်းလပ်အရှေ့ကျောင်းမှ Grade-4 ကျောင်းသူ မရှင်းသန့်ဖြူက ပညာရေးဝန်ကြီးဌာနနှင့် အဂတိတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်း ထုတ်ဝေပြီး၊ "အခြေခံပညာမူလတန်းဆရာကိုင်" စာအုပ်မှ "လာဘ်စားတဲ့ကြောင်" အသိပညာပေး ပုံပြင်ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်းနှင့် ၎င်းအသိပညာပေးပုံပြင်ကို Facebook Page မှ လွှင့်တင် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)