ရွှေတောင် အောက်တိုဘာ ၂၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက်(၉:၀၀)နာရီအချိန်ခန့်က စတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ရွှေတောင်မြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို နိုင်ငံတော်အစိုးရက သတ်မှတ်ထားသောရုံးပိတ်ရက်များမှအပ ရုံးဖွင့်ရက်များတွင် ထုတ်ပေးလျက်ရှိရာ နံနက်(၈:၀၀)နာရီမှ မွန်းလွဲ (၂:၀၀)ထိ ထုတ်ပေးသွား မည်ဖြစ်ပြီး အငြိမ်းစားဝန်ထမ်း ပင်စင်လစာထုတ်ယူမည့်သူ မြို့ပြပင်စင်(၇၉၅)ဦး၊ ကာကွယ်ရေးပင်စင်(၁၀၅၃)ဦး၊နိုင်ငံရေးပင်စင်(၁၁၂) ဦး ဘဏ်ပင်စင်(၁၇)ဦး စုစုပေါင်း (၂၃၇၇)ဦးရှိကြောင်း သိရပါသည်။
အဆိုပါအငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကြိုတင်ထုတ်ပေးခြင်းအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့် အညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ကိုကို မင်း( ပြန်/ ဆက်)